မြန်မာ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်ရေးအသင်း (MIDA) အဖွဲ့ဝင်အများပိုင် ကုမ္ပဏီများ၏ စီမံကိန်းလုပ်ငန်းများတွင် ဝင်ရောက် ဆောင်ရွက်ရန် စိတ်ဝင်စားသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများနှင့် ကန်ထရိုက်တာများသို့ ဖိတ်ကြားခြင်း
မြန်မာ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်ရေးအသင်း (Myanmar Investors Development Association – MIDA) အဖွဲ့ဝင်အများပိုင်ကုမ္ပဏီများ၏ စီမံကိန်းလုပ်ငန်းများတွင် ၀င်ရောက် ဆောင်ရွက်ရန် စိတ်ဝင်စားသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများနှင့် ကန်ထရိုက်တာများသို့
ဖိတ်ကြားခြင်း
မြန်မာ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်ရေးအသင်း (MIDA) အသင်းဝင်အများပိုင်ကုမ္ပဏီများမှ အောက်ပါ စီမံကိန်းဒေသများတွင် Survey လုပ်ငန်း၊ မြေကြီးလုပ်ငန်း (Earthwork)၊ လမ်းကွန်ကရစ်လုပ်ငန်း (Road Pavement Concrete Work)၊ Box Culvert ၊ ရေမြောင်းလုပ်ငန်း (Drain Work)၊ အဆောက်အဦလုပ်ငန်း (Building Work)၊ M & E လုပ်ငန်းများ (Water Supply & Sanitation, Electrical Work)၊Design, Interior Decoration၊ Landscape လုပ်ငန်း စသည့်လုပ်ငန်းများအား လုပ်ကိုင်ခွင့်ရမည့် အခွင့်အလမ်းများစွာရှိရာ ဆောင်ရွက်ရန် စိတ်ပါဝင်စားသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများ၊ ကန်ထရိုက်တာများအနေဖြင့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်နှင့် ဆရာစံ လမ်းထောင့်၊ သမ၀ါယမလုပ်ငန်း ဗဟိုဌာန၊ ဒုတိယထပ် သို့ကြော်ငာပါသည့်နေ့မှစ၍ (5.1.2019)နေ့ အထိ ( နံနက် ၉း၃၀ နာရီ မှ ၁၁း၃၀ နာရီ နှင့် မွန်းလွဲ ၁း၀၀ နာရီ မှ ၃း၀၀ နာရီအတွင်း ) Company Profile နှင့် အတူလာရောက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၁။ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ် ပဲခူး စက်မှုဥယျာဉ်စီမံကိန်း - ကော့ချဲ
၂။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဟံသာဝတီ အဆင့်မြင့်အိမ်ရာစီမံကိန်း - ပဲခူး
၃။ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ် ဟံသာဝတီ အဆင့်မြင့်အိမ်ရာစီမံကိန်း-ပဲခူး ရွှေပြည်(၃)
၎။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် တောင်ငူ ကေတုမတီ စက်မှုမြို့တော်စီမံကိန်း (၁) - မိုင်တိုင် (၁၅၂) မိုင်အနီး
၅။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် တောင်ငူ ကေတုမတီ စက်မှုမြို့တော်စီမံကိန်း (၂) - ၁၄၈ မိုင် နှင့် ၁၄၉ မိုင်ကြား
၆။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် ပန်းချယ်ရီ အိမ်ရာတည်ဆောက်ရေးစီမံကိန်း
၇။ ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်သစ်အသေးစား စက်မှုဥယျာဉ်တည်ဆောက်ရေး
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စီမံကိန်း - မလစ်
၈။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် စက်မှုဥယျာဉ်တည်ဆောက်ရေးစီမံကိန်း - ဇရပ်ကွင်း
၉။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောင်သမန် Resort စီမံကိန်း
တင်ဒါခေါ်ယူရေးအဖွဲ့
(Myanmar Investors Development Association – MIDA)